ဧပြီ ၅ ရက်နေ့တွင် ခမ်းနားစွာ ဖွင့်လှစ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း ထိုင်းပင်လယ်ကွေ့တွင် တည်ရှိသည့် ရင်းမ်(Ream) ရေတပ်အခြေစိုက် စခန်းသစ်မှာ တရုတ်အကူအညီဖြင့် တည်ဆောက်တိုးချဲ့ထားခြင်းဖြစ်သော်လည်း တရုတ်ရေတပ်အခြေစိုက်စခန်းသီးသန့်မဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က ထပ်မံငြင်းဆိုသွားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံကို အထူးအကူအညီပေးနေသောနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး မကြာသေးမီလပိုင်း အတွင်းကပင် ယင်းဆိပ်ကမ်းသစ်သို့ တရုတ်ဘက်မှ စစ်သင်္ဘော ၂ စီးလက်ဆောင်ပေးခဲ့ကြောင်းနှင့် အမေရိကန်အစိုးရက ယင်းရေတပ်သည် တရုတ်၏ မဟာဗျူဟာအခြေစိုက်စခန်းသာဖြစ်မည်ဟု သုံးသပ်ထားသည်။



