back

ဆောက်သမ်တန်အသင်း၏နည်းပြ ဂျူရစ်သည် အသင်းတန်းဆင်းရရန် သေချာသွားခဲ့ပြီးနောက် ဆောက်သမ်တန်အသင်းနှင့် လမ်းခွဲလိုက်ပြီ

Apr 08 • 2:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆောက်သမ်တန်အသင်း၏နည်းပြ ဂျူရစ်သည် အသင်းတန်းဆင်းရရန် သေချာသွားခဲ့ပြီးနောက် ဆောက်သမ်တန်အသင်းနှင့် လမ်းခွဲလိုက်ပြီ

ခရိုအေးရှားနည်းပြ ဂျူရစ်သည် ဆောက်သမ်တန်အသင်းကို ၂၀၂၄ ဒီဇင်ဘာ(၂၂)ရက်ကမှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်သောကြောင့် ရက်ပေါင်း(၁၀၈)ရက်အကြာတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ဂျူရစ...

ခရိုအေးရှားနည်းပြ ဂျူရစ်သည် ဆောက်သမ်တန်အသင်းကို ၂၀၂၄ ဒီဇင်ဘာ(၂၂)ရက်ကမှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်သောကြောင့် ရက်ပေါင်း(၁၀၈)ရက်အကြာတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ဂျူရစ်လက်ထက်တွင် ဆောက်သမ်တန်အသင်းသည် ပရီးမီးယားလိဂ်(၁၄)ပွဲ ယှဉ်ပြိုင်ခဲ့ရာ (၁၂)ပွဲရှုံးနိမ့်ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေသာ ရရှိခဲ့သည့်အတွက် ရာသီမကုန်မီ တန်းဆင်းရန် သေချာသွားခဲ့ခြင်းဖြစ်သည်။

ဆောက်သမ်တန်အသင်းကို လက်ထောက်နည်းပြ ဆိုင်မွန်ရပ်စ်က ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမည်ဟု သိရသည်။


news-view-count-icon

16