ခရိုအေးရှားနည်းပြ ဂျူရစ်သည် ဆောက်သမ်တန်အသင်းကို ၂၀၂၄ ဒီဇင်ဘာ(၂၂)ရက်ကမှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်သောကြောင့် ရက်ပေါင်း(၁၀၈)ရက်အကြာတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ဂျူရစ်လက်ထက်တွင် ဆောက်သမ်တန်အသင်းသည် ပရီးမီးယားလိဂ်(၁၄)ပွဲ ယှဉ်ပြိုင်ခဲ့ရာ (၁၂)ပွဲရှုံးနိမ့်ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေသာ ရရှိခဲ့သည့်အတွက် ရာသီမကုန်မီ တန်းဆင်းရန် သေချာသွားခဲ့ခြင်းဖြစ်သည်။
ဆောက်သမ်တန်အသင်းကို လက်ထောက်နည်းပြ ဆိုင်မွန်ရပ်စ်က ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမည်ဟု သိရသည်။



