back

မလေးရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရောက်ရှိ

Apr 08 • 2:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မလေးရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရောက်ရှိ

မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့ဝင် WAN ZAINAL ABIDN BIN WAN YAACOB ပါ ၁၃ ဦးနှင့် ဘယ်လာရုစ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ဧပြီလ၇ရ...

မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့ဝင် WAN ZAINAL ABIDN BIN WAN YAACOB ပါ ၁၃ ဦးနှင့် ဘယ်လာရုစ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ဧပြီလ၇ရက်တွင် နေပြည်တော် လေဆိပ်သို့ရောက်ရှိခဲ့ပြီးနိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများရှိ ပျက်စီးဆုံးရှုံးမှု များကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင်နိုင်ငံတကာမှလည်း လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာ နိုင်ငံများ အလိုက်ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေး အဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိခဲ့ပြီး

မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့ဝင် WAN ZAINAL ABIDN BIN WAN YAACOB ပါ ၁၃ ဦးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ စောင်များနှင့် စားသောက်ဖွယ်ရာများ ၁၀၈၈၈ ကီလိုဂရမ် နဲ့ မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် MOHD HAFIFI HAFIDZ BIN ABD RAZAK ပါ ၁၃ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်း များ၊ စောင်များနှင့် စားသောက်ဖွယ်ရာများ၊ မီးဖိုချောင်သုံး ပစ္စည်းများ အလေးချိန် ၈၂၁၂ ကီလိုဂရမ်တင်ဆောင်၍ မလေးရှားနိုင်ငံ၊ Kuala Lumpur Subang Airportမှ နေပြည်တော်ရှိလေဆိပ်သို့ လည်းကောင်း ရောက်ရှိခဲ့ပါတယ်။ ဘယ်လာရုစ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် ဆေးဝါး နှင့် တဲများပါဝင်သည့် ၁၉၄၀၀ ကီလိုဂရမ်သယ်ဆောင်၍ Ministry of Emergency Situation ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဟူဒါလျက်ဗ် အလက်ဇန်းဒါ ဦးဆောင် သည့်အဖွဲ့သည် နေပြည်တော်ရှိ လေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။




news-view-count-icon

19