၂၈-၃-၂၀၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် မဂ္ဂနီကျု ၇.၇ အဆင့်ရှိ မြန်မာနိုင်ငံအတွင်း အင်အားပြင်းငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကြောင့် ကိုရီးယားမှ အဖွဲ့အစည်းများနှင့် ကိုယ်ပိုင်ပုဂ္ဂိုလ်များက လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ Dream Law Firm မှ ဝမ် ၂ သန်းအပါအဝင် စုစုပေါင်း ဝမ် ၇.၄၁ သန်းကို ဆိုးလ်ရှိ မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ပြီး၊ သံအမတ်ကြီးမှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများထံ ဆက်လက်ပေးပို့သွားမည် ဖြစ်သည်။



