back

မြန်မာသံအမတ်ကြီးနှင့် ဝန်ထမ်းမိသားစုများမှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေများပေးအပ်

Apr 08 • 1:22 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာသံအမတ်ကြီးနှင့် ဝန်ထမ်းမိသားစုများမှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေများပေးအပ်

၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မဂ္ဂနီကျု ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမျာ...

၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မဂ္ဂနီကျု ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် မိသားစုများအတွက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး၊ မြန်မာဝန်ထမ်းမိသားစုများနှင့် ဒေသခန့်ဝန်ထမ်းများမှ စုပေါင်းလှူဒါန်းငွေ ကိုရီးယားဝမ် ၂,၂၉၇,၀၀၀ ကို ၇-၄-၂၀၂၅ ရက်နေ့တွင် လှူဒါန်းခဲ့ကြပါသည်။သံအမတ်ကြီးသည် လှူဒါန်းငွေများကို လက်ခံရယူကာ သက်ဆိုင်ရာငလျင်ဘေးသင့်ပြည်သူများထံသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားပြီး၊ လှူဒါန်းသူများ၏ အသဲစွဲလှူငွေအတွက်လည်း စိတ်ထဲမှ ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါသည်။


news-view-count-icon

18