အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်တစ်ဝန်းမှာ ရေကြီးမှုကြောင့် လူနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကလည်း အမေရိကန်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းရှိ အခြားပြည်နယ်တွေမှာလည်းမုန်တိုင်းဝင်ရောက်ပြီး ရေကြီးရေလျှံဖြစ်ပေါ်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပြီး လမ်း ၅၀၀ ကျော် ပိတ်ထားခဲ့ရတယ်လို့ ကင်တပ်ကီအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ကင်တပ်ကီပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူနှစ်ဦးအနက် တစ်ယောက်က ၉ နှစ်အရွယ် ကလေးငယ် ဖြစ်တယ်လို့ မြို့ခံရဲတွေက ပြောပါတယ်။ နေအိမ်အများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ကင်တပ်ကီ ပြည်နယ်မြို့တော် ဖရမ့်ဖို့မှာလည်း ရေပေးဝေမှု ကန့်သတ်ထားတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။



