ဧပြီလ ၆ ရက်ကကျင်းပခဲ့တဲ့ ဖလန်ဒါတိုး စက်ဘီးစီးပြိုင်ပွဲမှာ စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာဟာ လက်ရှိ ချန်ပီယံ နယ်သာလန်နိုင်ငံသား ဗန်ဒါပိုအယ်ကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ ၂၆၉ ကီလိုမီတာခရီးကို ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ကြရတာဖြစ်ပြီး အမ်းမရိတ်စ် အသင်းသား ပိုဂါကာက ၅ နာရီ ၅၈ မိနစ် ၄၁ စက္ကန့်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံသား ပက်ဒါဆန်က ဒုတိယနဲ့ နယ်သာလန်နိုင်ငံသား ဗန်ဒါပိုအယ်တို့က တတိယ အသီးသီးရခဲ့ကြပါတယ်။l



