back

တိုင်းခမ်းတီ ခေတ်သစ်စာပေပညာရှင် နှင့် ရိုးရာယဉ်ကျေးမှု ဦးဆောင်သူ စောနွဲ့ထွန်းနိုင် ကွယ်လွန်

Apr 07 • 3:20 PM

breaking-news

မြန်မာ

ကချင်

cover

တိုင်းခမ်းတီ ခေတ်သစ်စာပေပညာရှင် နှင့် ရိုးရာယဉ်ကျေးမှု ဦးဆောင်သူ စောနွဲ့ထွန်းနိုင် ကွယ်လွန်

တိုင်းခမ်းတီလူမျိုးတို့၏ ခေတ်သစ်စာပေပညာရှင်လည်းဖြစ် ၊ ရိုးရာယဉ်ကျေးမှုတွေမှာ ဦးဆောင်လမ်းပြတစ်ဦးဖြစ်တဲ့ စောနွဲ့ထွန်းနိုင် ဟာ ဧပြီလ ၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်...

တိုင်းခမ်းတီလူမျိုးတို့၏ ခေတ်သစ်စာပေပညာရှင်လည်းဖြစ် ၊ ရိုးရာယဉ်ကျေးမှုတွေမှာ ဦးဆောင်လမ်းပြတစ်ဦးဖြစ်တဲ့ စောနွဲ့ထွန်းနိုင် ဟာ ဧပြီလ ၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သူရဲ့ မိသားစုဝင်တွေဆီကနေ သိရှိရပါတယ်။အသက် ၆၅ အရွယ် ဦးစောနွဲ့ထွန်းနိုင်ဟာ ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲကျော်အချိန်မှာ မြစ်ကြီးနားမြို့မှာ ကွယ်လွန်ခဲ့ပြီး ရုပ်အလောင်းကို မိုးကောင်းမြို့နယ် ညောင်ကုန်းကျေးရွာသို့ သယ်ဆောင်ခဲ့ပါတယ်။ တိုင်းခမ်းတီ လူမျိုးတို့ရဲ့ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာကြာ ဆောင်ရွက်ခဲ့သူဖြစ်သလို တိုင်းခမ်းတီတေးသီးချင်း ၊ ကဗျာ အပုဒ်ပေါင်းများစွာက ရေးစပ်သီကုံးဖွဲ့နွဲ့ခဲ့သူဖြစ်ပါသည်။


news-view-count-icon

18