တရုတ်နိုင်ငံ ပရဟိတဆရာဝန်များနှင့်ဖွဲ့စည်းထားသော ကယ်ဆယ် ကုသရေးအဖွဲ့သည် ဧပြီလ ၉ ရက်နေ့ မနက် ၉:၀၀ မှ ၁၂:၀၀ထိ၊ ညနေ ၂:၃၀ - ၅:၃၀ထိ မန္တလေးမြို့ ဖူကျင်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် အခမဲ့ဆေးကုသပေး သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အခမဲ့ကုသခြင်းကို (၁၀)ရက်ဝန်းကျင် လုပ်ဆောင်ပေးသွားမည့်ဖြစ်ပါသည်။ဆေးကုသပေးမည့် ပညာရှင်များသည် ပေကျင်းမြို့နှင့် တရုတ်နိုင်ငံအနှံ့မှ အဆင့်မြင့်ဆေးရုံကြီးများ(Grade-A tertiary အဆင့်) မှ အကြီးတန်းဆရာဝန်ကြီးများ နှင့် ဒုတိယအကြီးတန်းဆရာဝန်ကြီးများဖြစ်ကြပါသည်။ဆရာဝန်ကြီးများ၏ အထူးကုဘာသာရပ်များမှာ
(၁) အထွေထွေ(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)
(၂) အရိုး
(၃) သားဖွားမီးယပ်
(၄) ခွဲစိတ်(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)
(၅) မေ့ဆေး စသည့်တို့ဖြစ်သည်။
ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများမှာ
- ကျန်းမာရေးအကြံပေးခြင်း
- ဒဏ်ရာပြုစုကုသခြင်း
- သားဖွားမီးယပ်စစ်ဆေးခြင်း
- ဆေးဝါးဆိုင်ရာအကြံပေးခြင်း
- CT ရိုက်ခြင်း
- ဓာတ်မှန်ရိုက်ခြင်း
- ECG ရိုက်ခြင်း တို့ဖြစ်ပါသည်။လိုအပ်သူများအနေဖြင့်မန္တလေးမြို့၊ ဖူကျင်ဗုဒ္ဓဘာသာဘုရားကျောင်း (၃၀ လမ်း၊ ၈၂-၈၃ လမ်းကြား)သို့လာရောက်ပြီး ကျန်းမာရေးဆွေးနွေးပြသနိုင်ပါသည်။



