ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် မှာ ဧပြီလ ဆန်းပိုင်းကစပြီးတော့ ဘိလပ်မြေတစ်အိတ်ကို ၆၀,၀၀၀ ကျပ်အထိ ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာကြောင်း မြို့ခံများကဆိုသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဘိလပ်မြေဈေးနှုန်းများ ပြန်လည်ကျဆင်းမှုရှိလာခဲ့ပြီး၊ ဧပြီလဆန်းပိုင်းကစတင်ကာ ဘိလပ်မြေဈေးနှုန်းများ သိသိသာသာ ထိုးတက်လာကြောင်း ဆောက်လုပ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။အဆိုပါ ဘိလပ်မြေဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ယာယီရပ်ဆိုင်းနေရမှု ရှိနေပြီး အခြေခံအလုပ်သမားများလည်း ရပ်နားနေရကြောင်း သိရသည်။



