back

ဟိုပင်ရှိ လောင်းကစားဝိုင်းများကို ဒေသခံများက အမြန်ဆုံးပိတ်ပေးရန်တောင်းဆို

Apr 07 • 1:27 PM

breaking-news

မြန်မာ

ကချင်

cover

ဟိုပင်ရှိ လောင်းကစားဝိုင်းများကို ဒေသခံများက အမြန်ဆုံးပိတ်ပေးရန်တောင်းဆို

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ပြင်ဘောလုံးကွင်းအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည်မှာ သုံးလခန့်ရှိပြီဖြစ်ပြီး ဒေသခံများကို ထိခိုက...

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ပြင်ဘောလုံးကွင်းအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည်မှာ သုံးလခန့်ရှိပြီဖြစ်ပြီး ဒေသခံများကို ထိခိုက်လာသောကြောင့် အမြန်ဆုံးပိတ်စေလိုကြောင်း သိရသည်။ရွှေဘို - မြစ်ကြီးနားကားလမ်းမကြီးဘေးတွင် နေ့၊ ညမရွေးဖွင့်လှစ်ထားပြီး ဆီတင်သည့်သူများဖြင့် လူစည်ကားလျက်ရှိကြောင်းသိရပါသည်။အဆိုပါလောင်းကစားရုံတွင် ဂျင်ဝိုင်း ၅ ဝိုင်းခန့်၊ ဖဲဝိုင်း ၆ ဝိုင်းခန့်အပြင် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် စသည့်လောင်းကစားအမျိုးမျိုးလည်းရှိကြောင်းသိရသည်။ 



news-view-count-icon

13