back

မန္တလေးမြို့ဒေါနခြံဇာဝေယာဟ် ဗလီနှင့်ငလျင်ဒဏ်သင့်ပြည်သူများထံအကူအညီ၏ရှိမရှိ‌သလောက်ဖြစ်နေ

Apr 07 • 10:34 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ဒေါနခြံဇာဝေယာဟ် ဗလီနှင့်ငလျင်ဒဏ်သင့်ပြည်သူများထံအကူအညီ၏ရှိမရှိ‌သလောက်ဖြစ်နေ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ဒေါနခြံရပ်ကွက်ရှိ ဇာဝေယာဟ် အတ္တာစီယာဗလီကြီးနှင့် ငလျင်ဒဏ်သင့်ဒေသခံပြည်သူများထံသို့ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် အရေးပေါ်ကူညီမှ...


မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ဒေါနခြံရပ်ကွက်ရှိ ဇာဝေယာဟ် အတ္တာစီယာဗလီကြီးနှင့် ငလျင်ဒဏ်သင့်ဒေသခံပြည်သူများထံသို့ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် အရေးပေါ်ကူညီမှုများရောက်ရှိမှုများမရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံများထံမှသိရပါတယ်။ဒေါနခြံအရပ်ဟာ မန္တလေးမြို့ ၈၆လမ်း ၁၀၃/၁၀၄ကြားတည်ရှိပြီး ကန်ပတ်လမ်းအနီးမှာတည်ရှိပြီး လမ်းသစ်နှင့် ဗိုလ်အိမ် မှတ်တိုင်ကြားမှာတည်ရှိပြီး အတ္တာစီယာဗလီဟာ ပြိုကျပျက်စီးမှုများခဲ့ပေမယ့် သတင်းစာမျက်နှာများအပေါ်မှာသိပ်မတွေ့ရလို့ ကူညီမှုများရောက်မလာနိုင်ကြဘူးလို့သိရပါတယ်။လက်ရှိမှာတော့ အမိုးအကာ ခြင်ထောင်စောင်များလိုအပ်လျှက်ရှိပြီး ကိုယ်တိုင်ချက်ပြုတ်စားသောက်နေရပြီး အခက်အခဲများစွာနှင့်ရင်ဆိုင်နေကြရတယ်လို့လည်းသိရပါတယ်။


news-view-count-icon

18