၂၀၂၅ ပထမသုံးလပတ်တွင် BYD သည် ဘက်ထရီသုံး လျှပ်စစ် အိမ်စီးကား ၄၁၆,၃၈၈ စီးကို ဝယ်ယူသူများထံ ပေးအပ်ခဲ့သည်။ ယခင်က ကမ္ဘာ့ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်သူအဖြစ် သရဖူ ဆက်တိုက်ဆောင်းခဲ့ဖူးသည့် တက်စလာသည် ၃၃၆,၆၈၁ စီးကို ဝယ်ယူသူများထံ ပေးအပ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၄ စတုတ္ထသုံးလပတ်တွင် BYD သည် ၅၉၅,၄၁၃ စီး၊ တက်စလာသည် ၄၉၅,၅၇၀ စီး အသီးသီး ပေးအပ်ခဲ့သည်။သုံးလပတ် ဘက်ထရီသုံး လျှပ်စစ်အိမ်စီးကား ပေးအပ်သည့် အစီးရေတွင် BYD က တက်စလာထက် ပထမဆုံးအကြိမ် ပိုများခဲ့သည်မှာ ၂၀၂၃ စတုတ္ထသုံးလပတ်တွင် ဖြစ်သည်။



