တရုတ်ပြည်သူ့ဘဏ် People’s Bank of China (PBOC) မှ တနင်္လာနေ့ (ဧပြီ ၇)တွင် ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ တရုတ်ဗဟိုဘဏ်သည် ၎င်း၏ အရန်ရနါပုံငွေမှ ရွှေပမာဏကို မတ်လတွင် ပဉ္စမမြောက် ဆက်တိုက်လအဖြစ် ထပ်ဖြည့်ထည့်ထားကြောင်း တွေ့ရသည်။အရန်ရွှေ ပမာဏစုစုပေါင်းတန်ဖိုးသည် ဖေဖော်ဝါရီလကုန်တွင် ကန်ဒေါ်လာ ၂၀၈.၆၄ ရှိပြီး မတ်လကုန်တွင် ကန်ဒေါ်လာ ၂၂၉.၅၉ ဘီလီယံ ရှိသည်။ ဖေဖော်ဝါရီလကုန်တွင် ထရွိုင် အောင်စ ၇၃.၆၁ သန်း ရှိပြီး မတ်လကုန်တွင် ထရွိုင် အောင်စ ၇၃.၇၉ သန်း ရှိသည်။ နိုင်ငံခြားငွေ အရန်ရန်ပုံငွေသည် ဖေဖော်ဝါရီလကုန်တွင် ကန်ဒေါ်လာ ၃.၂၂၇ ထရီလီယံ ရှိပြီး မတ်လကုန်တွင် ကန်ဒေါ်လာ ၃.၂၄၁ ထရီလီယံ ရှိသည်။



