အမေရိကန်နဲ့ ဖိလစ်ပိုင်လေတပ်တို့ဟာ စစ်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မဟာဗျူဟာမြောက် အဟန့်အတားကို မြှင့်တင်ဖို့ရည်ရွယ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီလ၇ရက်နေ့မှ စတင်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား တောင်တရုတ်ပင်လယ်နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုနဲ့ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပေါ်နေချိန်မှာ ပြုလုပ်ခဲ့တာပါ။ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ ကြည်း၊ ရေ၊ လေ အကြီးစားပူးတွဲ စစ်ရေးလေ့ကျင့်မှုကိုလည်း ဧပြီနှောင်းပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။



