ယခုနှစ် သင်္ကြန်ကာလအတွင်း အဝတ်အထည်ရောင်းအားသည် ယခင်နှစ်များနှင့်နှိုင်းယှဉ်လျှင် ပုံမှန်ထက်နည်းနေတာဖြစ်ကြောင်း အရောင်းဆိုင်များကပြောကြားခဲ့သည်။ စျေးနှုန်းတက်ခြင်း၊ စီးပွားရေးအခက်အခဲနှင့် လူငယ်အချို့ သင်္ကြန်မပြုလုပ်ချင်တော့မှုတို့ကြောင့် Brand အဝတ်များထက် စျေးသက်သာသည့် ဘေထုပ်များကိုသာ ရွေးချယ်ဝယ်ယူကြောင်း သိရသည်။



