တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်ဖြေကြရမည်ဟုဆိုသော သတင်းများအပေါ် ပညာရေးဝန်ကြီးဌာနမှ တရားဝင်စာထုတ်ထားခြင်းမရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားခဲ့သည်။မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားခြင်းနှင့်ပတ်သက်၍ စစ်ကိုင်း၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့မှ ဝင်စာမေးပွဲများ ပြန်ဖြေရန်လိုအပ်ကြောင်းသတင်းများ ပျံ့နှံ့နေသော်လည်း တရားဝင်အတည်ပြုချက် မထုတ်ပြန်ထားသေးကြောင်း သိရသည်။



