လီဗာပူးလ်အသင်း ကွင်းလယ်လူဟောင်း ဟာမန်းက နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ့် အာနိုးလ်ရဲ့နေရာမှာ လေဗာကူဆင်အသင်းက ဖရင်ပေါင်ကို အစားထိုးခေါ်ယူဖို့ အသင်းကို တိုက်တွန်းခဲ့ပါတယ်။ဟာမန်းက “ပြီးခဲ့တဲ့ရာသီက ယူရိုသန်း ၄၀ နဲ့ ဖရင်ပေါင်ကို ဘယ်သူမှ မခေါ်ယူခဲ့တာကို ကျနော်အံ့အားသင့် မိပါတယ်။ ရွေးချယ်မှုတွေရှိလို့ ဘယ်သူ့မှ မခေါ်ခဲ့ပေမယ့် သူကထက်မြတ်တဲ့ ကစားသမားပါ။ သူဟာ ဂိုးလည်း သွင်းပြီး ဂိုးလည်း ဖန်တီးနိုင်သလို ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်မှာပါ။ အာနိုးလ် ထွက်ခွာ ခဲ့ရင်သူဟာ လီဗာပူးလ်အသင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်မှာပါ”လို့ ပြောခဲ့တာပါ။



