back

ယခုဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ပြည်တွင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု လျာထားချက်တန်ချိန် ၂ သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄ သန်းကျော်သာ တင်ပို့နိုင်ခဲ့

Apr 07 • 5:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ယခုဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ပြည်တွင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု လျာထားချက်တန်ချိန် ၂ သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄ သန်းကျော်သာ တင်ပို့နိုင်ခဲ့

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် မတ်လ ၃၁ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန် ၂ သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထ...

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် မတ်လ ၃၁ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန် ၂ သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလျံရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လျာထားချက်အရ ပြည်ပသို့ တစ်လလျှင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် တင်ပို့ရမည်ဖြစ်သော်လည်း ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် လျာထားချက်တန်ချိန် ၂ သိန်းကျော် မပြည့်မီခဲ့သလို အချို့လများတွင် တန်ချိန် တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။


news-view-count-icon

14