အင်ဂျင်နီယာသတ်မှတ်ချက်နှင့်မကိုက်ညီဘဲ ဆောက်လုပ်ထားသော အဆောက်အဦးများကို ပြန်လည်စိစစ်အရေးယူမည်ဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်မှုရှိစေရန် စနစ်တကျဆောက်လုပ်ရေးလုပ်ဆောင်ရန်လိုကြောင်း နိုင်ငံတော်ကောင်စီ ဥက္ကဌမှ ပြောကြားသည်။ ပျက်စီးဆုံးရှုံးမှုများလျော့နည်းအောင် မြို့နယ်၊ ခရိုင်အလိုက်ဖွဲ့စည်းထားသည့် ကော်မတီများမှ ကြပ်မတ်စိစစ်အရေးယူသွားမည်ဖြစ်ကြောင်းလည်းဖော်ပြခဲ့သည်။



