အလုပ်သမားခနှင့် သယ်ယူပို့ဆောင်စရိတ်များအပါအဝင် စရိတ်များမြင့်တက်လာမှုကြောင့် မဟာသင်္ကြန်ကာလအတွက် အသုံးပြုသော အတာအိုးဈေးနှုန်းများ ယခုနှစ်တွင် ယခင်နှစ်ထက် အနည်းငယ်တက်လာခဲ့ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက ပြောကြားကြသည်။ ဆေးမဆွဲထားသည့်အိုးများမှာ တစ်အိုးလျင် နှစ်ထောင်ဝန်းကျင်၊ ဆေးဆွဲထားသည့်အိုးများကတော့ နှစ်ထောင့်ငါးရာမှ သုံးထောင်ဝန်းကျင်အထိရှိကြောင်း သိရသည်။



