နိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် မကြာသေးမီက တောမီးများလောင်ခဲ့စဉ် ကူညီကယ်ထုတ်မှုများတွင် ပါဝင်ခဲ့သည့် အင်ဒိုနီးရှားသင်္ဘောသားသုံးဦးအား F-2 နှစ်ရှည်နေထိုင်ခွင့်ဗီဇာများ ပေးအပ်လိုက်ပြီဟု တောင်ကိုရီးယားအစိုးရက ဧပြီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ " တောမီးတွေလောင်တုန်းက သက်ကြီးရွယ်အိုတွေကို ဘေးကင်းအောင် အင်ဒိုနီးရှားနိုင်ငံသားသုံးဦးက ကူညီပေးခဲ့လို့ နိုင်ငံအပေါ်သူတို့ရဲ့ အထူးစွမ်းဆောင်ချက်တွေကိုထောက်ပြီး နှစ်ရှည်နေထိုင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ကိုယ့်ကိုယ်ကိုယ်မငဲ့ဘဲ အနီးအနားနေသူတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့လို့ သူတို့ကိုစိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ပါတယ်" ဟု တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုဘေးအန္တရာယ်နှင့်ဘေးကင်းရေး တန်ပြန်ရေးဌာနချုပ်မှ လက်ထောက်အကြီးအကဲ လီဟန်ယောင်က ပြောသည်။



