ဗလင်စီယာဂိုးသမား မာမာဒက်ရှီဗလီက ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နှင့် ပယ်နယ်တီ ဝင်၊ မဝင် ယူရို (၅၀) လောင်းကြေး ထပ်ခဲ့ပြီး ဗင်နီစီယပ်စ်အနေဖြင့် ပယ်နယ်တီမဝင်ခဲ့ခြင်းအတွက် ၎င်းကို ယူရို (၅၀) မပေးသေးကြောင်း ပြောကြားခဲ့သည်။ ဧပြီလ (၅) ရက် (စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၂) ဗလင်စီယာပွဲ၌ ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် တစ်ဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် (၁၃) မိနစ်တွင် ရရှိခဲ့သည့် ပယ်နယ်တီကို ကန်သွင်းရာတွင် ဗလင်စီယာဂိုးသမား မာမာဒက်ရှီဗလီက ကာကွယ်နိုင်ခဲ့သည်။



