ပြည်တွင်း ငလျင်လှုပ်ရှားမှုနှင့် ဆူနာမီဖြစ်ပွားမှုများသည် သိပ္ပံနည်းကျအရ တိကျစွာ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း လူသေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုများကို လျှော့ချပေးနိုင်ရန်အတွက် ပြည်သူအနေနှင့် ကြိုတင်ပြင်ဆင်မှုများ၊ အန္တရာယ်ဖြစ်နိုင်ခြေရှိသောနေရာများမှ လွတ်မြောက်နည်းလမ်းများ၊ အရေးပေါ်လှုပ်ရှားနည်းများကို သိရှိပြီးသားဖြစ်အောင် ပြင်ဆင်ထားရန် အရေးကြီးသည်။



