ပဲခူးမြို့ရှိ ရှင်စောပုဝန်ထမ်းအိမ်ရာတွင် နေထိုင်သော ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ ဤအစီအစဉ်သည် စျေးနှုန်းတက်မြင့်နေသောကာလအတွင်း ဝန်ထမ်းမိသားစုများ၏ စားဝတ်နေထိုင်ရေးကို ထောက်ပံ့ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။



