မြန်မာငလျင်ကြီး ထိုင်းနိုင်ငံ ဘန်ကောက်တွင် လှုပ်ခတ်ခဲ့ရာ တမြို့လုံးတွင် နိုင်ငံတော် စာရင်းစစ်ရုံး State Audit Office (SAO) အထပ်မြင့် အဆောက်အဦတခုတည်းသာ ဘုံးဘုံးလဲ ပြိုကျခဲ့သည်။ဆောက်လက်စဖြစ်သည့် ၎င်းအထပ်မြင့် အဆောက်အဦ ပြိုကျခဲ့ပြီးနောက် တရုတ်အစိုးရပိုင်ကုမ္ပဏီ၏ နိုင်ငံတကာ ဆောက်လုပ်ရေး စီမံကိန်းများနှင့် လာဘ်ပေးလာဘ်ယူမှု နောက်ကြောင်းကို လူသိများသွားသည်။ ၎င်းရုံးအဆောက်အဦ ဆောက်လုပ်ရေးတွင် China Railway Engineering Corporation (CREC) ဟု လူသိများသည့် တရုတ်အစိုးရပိုင် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး မဟာလုပ်ငန်းကြီး China Railway Group ၏ လုပ်ငန်းခွဲ China Railway No.10 Engineering Group ပါဝင်ပတ်သက်နေသည်။



