ထိုင်း သတင်းအမှား ကာကွယ်ရေး စင်တာက ထိုင်းမှာ ၃ လအတွင်း ကြီးမားတဲ့ ငလျင်လှုပ်မယ်လို့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ သတင်း အမှားကို မယုံကြည်ဖို့ သတိပေးလိုက်ပါတယ်။ ထိုင်း မိုးလေဝသဌာနက Facebook မှာ မျှဝေထားတဲ့ အဲဒီသတင်းဟာ အမှား ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ထိုင်း သတင်းအမှား ကာကွယ်ရေး စင်တာက လက်ရှိ နည်းပညာတွေဟာ ငလျင်လှုပ်မယ့် အချိန်နဲ့ တည်နေရာကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။



