back

အင်းလေးထွက် ခရမ်းချဉ်သီးများ စျေးကောင်းလာ

Apr 06 • 3:58 PM

breaking-news

မြန်မာ

ရှမ်း

cover

အင်းလေးထွက် ခရမ်းချဉ်သီးများ စျေးကောင်းလာ

ခရမ်းချဥ်စျေးကွက်တွင် စျေးနှုန်းများ မြင့်တက်လာသည့်အတွက် ငလျင်ဒဏ်ခံ အင်းလေးဒေသထွက် ခရမ်းချဥ်အင်းသီးများ စျေးကောင်းရလာကြောင်း ရှမ်းတောင်ခရမ်းချဥ်စျေးကွက်မှ သိရသည...

ခရမ်းချဥ်စျေးကွက်တွင် စျေးနှုန်းများ မြင့်တက်လာသည့်အတွက် ငလျင်ဒဏ်ခံ အင်းလေးဒေသထွက် ခရမ်းချဥ်အင်းသီးများ စျေးကောင်းရလာကြောင်း ရှမ်းတောင်ခရမ်းချဥ်စျေးကွက်မှ သိရသည်။ဧပြီလ ၅ ရက်တွင် အောင်ပန်းကုန်စည်ဒိုင်စျေးကွက် စျေးနှုန်းအရ တစ်ပိဿာ ကျပ် ၈၀၀ မှ ၁၇၀၀/၁၈၀၀ အထိ ရောက်ရှိလာကြောင်း ကုန်စည်ဒိုင် တစ်ခုမှ ပြောသည်။အင်းလေးဒေသ ရွာ ၄၄၅ ရွာရှိသည့်အနက် ရွာတိုင်းလိုလိုတွင် ခရမ်းချဥ်သီး စိုက်ပျိုးကြသော်လည်း စီးပွားဖြစ်စိုက်သည့်ရွာ ၁၄၆ ရွာ ရှိရာမှ ယခုစိုက်ရာသီအတွင်း ရွာပေါင်း ၁၀၀ ခန့်သာ စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။


news-view-count-icon

16