အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သီရိလင်္ကာနိုင်ငံမှ တပ်မတော်ဆေးတပ်ဖွဲ့ဝင် ၂၆ ဦးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်သည် ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ ခန့်တွင် သီရိလင်္ကာနိုင်ငံပိုင် လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။



