ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ငလျင်လှုပ်ပြီးနောက် ကုန်ဈေးတွေ အတက်အကျ အပြောင်းအလဲတွေ ဖြစ်ပေါ်တာကို တွေ့ရပါတယ်။ သင်္ကြန်ကာလနီးလာတာကြောင့် အလုပ်သမားတွေ၊ အိမ်ရှင်မတွေမှာ ခြိုးခြုံချွေတာတွေ ပိုလုပ်လာရတယ်လို့ ပြောပါတယ်။စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားတဲ့ စားအုန်ဆီ အခြေခံ လက်ကားရည်ညွှန်း ဈေးနှုန်း(ရန်ကုန်)တွေကတော့ စားအုန်းဆီတစ်ပိဿာ ကျပ်၇,၂၀၀ ဖြစ်ပြီး အိမ်အရောက်ပို့ ဈေးနှုန်းကတော့ ၂.၇၅ ပိဿာကို မြို့နယ်အလိုက် ၂၄,၆၀၀ ကနေ ၂၅,၁၀၀ အတွင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆီစာအုပ်နဲ့ ရောင်းချတဲ့ ဈေးနှုန်းတွေကတော့ ဆီ(၁လီတာ)တဗူးကို ကျပ် ၄,၀၀၀ ဖြစ်ပါတယ်။ ပြင်ပ စားအုန်းဆီဈေးနှုန်းကတော့ တစ်ပိဿာ ၁၀,၀၀၀ ဝန်းကျင်ကနေ ကျပ် ၁၂,၀၀၀ အထိ ရောင်းချနေတာကို တွေ့ရပါတယ်။



