မြန်မာ နဲ့ ထိုင်းက ငလျင်ဘေးသင့် ဒေသတွေဆီ အမေရိကန် ဒေါ်လာ ၅ သိန်းကျော် တန်ကြေးရှိ Crypto တွေလည်း လှူဒါန်းမှု ရှိလာပါတယ်။
ကမ္ဘာ့ဦးဆောင် Cryptocurrency Exchange ဖြစ်တဲ့ Binance ရဲ့ ပူးတွဲ တည်ထောင်သူ Changpeng CZ Zhao က အဓိက လှူဒါန်းခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ Blockchain အခြေပြု အရေးပေါ် လှူဒါန်းမှုတွေရဲ့ အသုံးဝင်မှု ကြီးထွားလာနေတာကို ဖော်ပြနေတယ် လို့လည်း ဆိုပါတယ်။
Changpeng CZ Zhao ဟာ အမေရိကန် ဒေါ်လာ ၆ သိန်း နီးပါး တန်ကြေး ရှိတဲ့ BNB Token 1000 (လက်ရှိ ပေါက်ဈေး – 1 BNB = $598.95) ကို ငလျင် ဘေးသင့် ဒေသတွေဆီ ဧပြီလ ၃ ရက်နေ့က လှူဒါန်းခဲ့ခြင်း ဖြစ်တယ်လို့ Blockchain Data ဖော်ပြချက်အရ သိရပါတယ်။


