ဆန်းသစ်တီထွင်ဖန်တီးထားပြီး ထူးခြားအရသာကြောင့် ဆန်ဖြင့်ပြုလုပ်ထားတဲ့ ထိုင်းနိုင်ငံထုတ် ရိုးရာဝိုင်တစ်မျိုးဖြစ်တဲ့ "Sato" ဝိုင်ဟာ သြစတြီးယားမှာရှိတဲ့ ပရိသတ်အများအပြားကိုဖမ်းစားဆွဲဆောင်နိုင်ခဲ့ပါတယ်။"Sato" ဝိုင်ဟာ သြစတြီးယားမြို့တော် ဗီယန်နာမှာရှိတဲ့ Viennese bar-cum-restaurant အတွင်းကိုလာရောက်တဲ့ ဧည့်ပရိသတ်အများအပြားရဲ့ အထူးအာရုံစိုက်မှုကိုရရှိခဲ့တာဖြစ်ပါတယ်။ဆန်နဲ့ပြုလုပ်ထားတဲ့ ရိုးရာ ဝိုင်တစ်မျိုးဖြစ်တဲ့ "Sato" ဝိုင်အရသာကို သြစတြီးယားရှိ အစားအသောက်ဝေဖန်သုံးသပ်သူတွေက ထူးထူးခြားခြား"Sato" ဝိုင်အရသာကို ချီးမွမ်းကာ ထိုင်းနိုင်ငံ ယဉ်ကျေးမှု ရိုးရာအမွေအနှစ် အရေးပါမှုတွေကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
| 19 | 0 | 0 | 0 |


