ယခုသီတင်းပတ်အတွင်းမှာစတင်အသက်ဝင်တော့မယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရဲ့ အခွန်စည်းကြပ်မှုအသစ်ကြောင့် iPhone ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ Apple ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကပြောကြားထားပါတယ်။အဆိုပါ စည်းကြပ်ခွန်တွေထဲမှာ iPhone အပါအဝင် ဖြစ်ပြီး အဓိကပြဿနာက Apple ထုတ်ကုန်အများစုကို တရုတ်နိုင်ငံမှာထုတ်လုပ်တာဖြစ်တာကြောင့် ကုန်ပစ္စည်းတွေအပေါ် အခွန် ၅၄% ပေးဆောင်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့် လေ့လာဆန်းစစ်သူတွေ အဆိုအရ Appleကုမ္ပဏီဘက်က ဈေးနှုန်းမြှင့်တင်ဖို့ ရွေးချယ်ပါက iPhone 16 က ဒေါ်လာ ၇၉၉ ကနေ ဒေါ်လာ ၁၁၄၂ ကို မြင့်တက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
| 11 | 0 | 0 | 0 |


