April 5ရက်စနေနေ့ညအတွင်း ငလျင်ဒဏ်ခံထားရသည့် မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် မိုးရွာသွန်းခဲ့သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုခက်ခဲစေပြီး ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်ဟု ကုလသမဂ္ဂ အကူအညီပေးရေး ဌာနအကြီးအကဲက ပြောကြားလိုက်သည်။ အိုးအိမ်မဲ့နေသူများအတွက် ယာယီအမိုးအကာများ ထပ်မံလိုအပ်နေကြောင်းလည်း သူက ဆိုသည်။ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၃,၄၇၁ ဦးအထိ ရှိနေပြီဖြစ်ပြီး ၄,၆၇၁ ဦးဒဏ်ရာရရှိကာ ပျောက်ဆုံး ၂၁၄ ဦးရှိကြောင်း ထုတ်ပြန်သည်။ မိုးရာသီမဟုတ်သည့်အချိန်တွင် မိုးရွာသွန်းခြင်းနှင့် ပြင်းထန်သော အပူလှိုင်းတို့ ပေါင်းစပ်ခြင်းကြောင့် ငလျင်ဒဏ်မှ အသက်ရှင်ကျန်ရစ်သူများအကြား ဝမ်းလျှောဝမ်းပျက်အပါအဝင် ရောဂါများဖြစ်ပွားနိုင်သည်ဟု ကယ်ဆယ်ရေးအဖွဲ့များက သတိပေးခဲ့ကြသည်။ အများအပြားမှာ လမ်းဘေးတွင် ဖြစ်သလို နေထိုင်စားသောက်နေကြရသည်။
| 15 | 0 | 0 | 0 |


