၂၀၂၅ခုနှစ် ဧပြီလ(၅)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၏ လမ်းသွယ်(၃)ထဲတွင်အမျိုးသမီးတစ်ဦးကို ကားပေါ်ဆွဲခေါ်၍ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်သွားမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရပါတယ်။ဖမ်းဆီးခေါ်ဆောင်ခံရသူ အမျိုးသမီးမှာ အသက်(၂၀)ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား(၃)ဦးတွင် လက်နက်များ ပါသည်ဟု သိရပါတယ်။တာချီလိတ်မြို့တွင် လမ်းကြိုလမ်းကြားများတွင် လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသလို ယခုလို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်မှုများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိပါတယ်။



