မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၄၅၅ ဦးအထိ ရှိလာခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရာရသူ ၄၈၄၀ ဦးနဲ့ ပျောက်ဆုံးနေသူ ၂၁၄ ဦးရှိတယ်လို့ဆိုပြီးအသေးစိတ်စာရင်း မရရှိ သေးပေမဲ့ အဆောက်အအုံ ၅၂၂၃ လုံး၊ စာသင်ကျောင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနဲ့ သီလရှင် စာသင်တိုက် ၂၇၅၂ ကျောင်း၊ ဘုရား စေတီ ၄၈၁၇ ဆူ၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြ ထားပါတယ်။ယခုလက်ရှိချိန်မှာလည်းရှာဖွေကယ်ဆယ်ရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ထိခိုက်မှု အပြင်းထန်ဆုံး နေရာဒေသက လူသန်းပေါင်းများစွာဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတာနဲ့ မလုံလောက်တာကို ကြုံနေရတယ်လို့လည်း ထောက်ပြထားပါတယ်။


