မတ်လနောက်ဆုံးပတ်ကစပြီး ဒီနေ့ထိမီးပျက်နေတဲ့ ကလေးမြို့မှာ မီးကြိုးဖြတ်ခိုးယူမှုတွေပြန်ပေါ်လာတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။ မီးအားမြင့်စက်Transformer အနီးက မီးကြိုးတွေကို ဖြတ်ခိုးခဲ့တာဖြစ်ပြီး အရင်ကလည်း မီးပျက်ချိန်ကြာမြင့်တဲ့ခါ အခုလိုမျိုးမီးကြိုးပျောက်ဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ကလေးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူတွေများပြားလာပြီးနောက် ပစ္စည်းပျောက် ဆိုင်ကယ်ခိုးယူမှုတွေပိုများလာပါတယ်။ အခုလည်း 66kV ကျော-ဂန့်ဂေါကြား လိုင်းတာဝါတိုင်ပျက်စီးလို့ ဧပြီလထဲမှာ မီးပြန်ရနိုင်ဖို့ မျှော်လင့်ချက်မရှိဘူးလို့ လျှပ်စစ်ဌာနတာဝန်ရှိသူကပြောပါတယ်။



