ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တလေး အစုန်အဆန် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့ ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ထို့ပြင် ကုန်တင်ရထားများကိုလည်း လမ်းပိုင်းအခြေအနေပေါ်မူတည်၍ အချို့တွဲဆိုင်းများအား ပြန်လည်ပြေးဆွဲပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။



