ဂျာမနီအသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူ ဟမ်းမဲလ်ဟာ ဒီရာသီအကုန်မှာ ဘောလုံးလောက,ကနေ အနားယူမယ်လို့ အတည်ပြုခဲ့ပါတယ်။ ရိုးမားအသင်းမှာ ကစားနေတဲ့ ဟမ်းမဲလ်က ဒီရာသီဟာ သူ့ရဲ့နောက်ဆုံး ရာသီဖြစ်ပြီး သူ့ရဲ့ထင်ရှားကျော်ကြားခဲ့တဲ့ ကစားသမားဘဝကို ကန့်လန့်ကာချ အဆုံးသတ်တော့မယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တာပါ။



