မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း အသက်ရှင်သူ ခုနစ်ဦး၊ သေဆုံးသူ ၄၁ ဦးတို့အား ရှာဖွေကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၂၇ ဦးရှိကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာအသက်ရှင်သူ ခုနစ်ဦး၊ သေဆုံး ၄၁ ဦး တို့အား ရှာဖွေကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂၂၇ ဦးရှိခဲ့ပြီး လက်ရှိအချိန်ထိ အပျက်အစီးများကို ဆက်လက်ရှင်းလင်းလုပ်ဆောင်နေကြောင်း သိရသည်။



