ဒီနေ့ ဧပြီ ၅ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်မှာရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာမှာ ဝါယာကြိုးရှော့ဖြစ်ရာကနေ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။နေအိမ်တစ်ခုလုံး မီးလောင်ပြာကျခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ထောင်စု၊ မှတ်ပုံတင်၊ ငွေသား သိန်း ၅၀ ကျပ်၊ ဆန် ၅ အိတ်၊ စပါး တစ်အိတ်၊ ပဲပုတ်စေ့ ၂၁ အိတ်နဲ့ လက်ဝတ်ရတနာတစ်ချို့လည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။



