ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက ပေးပို့နိုင်ရေးအတွက် ပြည်သူများမှပြီးခဲ့သည့်ရက်ပိုင်းက သွေးလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ထိုသို့လှူဒါန်းရာတွင်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူ(၃၉၉)ဦးနှင့် အမျိုးသားသွေးလှူဘဏ်တွင်မူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သူများ သွေးလိုအပ်ပါက ပေးပို့နိုင်ရေးအတွက် ပြည်သူ(၁,၁၆၀)ဦးက လာရောက်သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။



