back

နေပြည်တော်မှာ ဝန်းခြံကာဝါးကပ်များကို ဈေးကြီးပေးဝယ်နေရ

Apr 05 • 11:33 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်မှာ ဝန်းခြံကာဝါးကပ်များကို ဈေးကြီးပေးဝယ်နေရ

နေပြည်တော်တွင်ငလျင်လှုပ်ခပ်မှုကြောင့်အိမ်ဝိုင်းခြံများကာရံထားသည့်အုတ်တံတိုင်းများအများအပြားပြိုလဲခဲ့သည့်အတွက်လတ်တလောလဲပြိုသွားကြသည့်ဝန်းခြံကာအုတ်တံများနေရာတွင်ဝ...

နေပြည်တော်တွင်ငလျင်လှုပ်ခပ်မှုကြောင့်အိမ်ဝိုင်းခြံများကာရံထားသည့်အုတ်တံတိုင်းများအများအပြားပြိုလဲခဲ့သည့်အတွက်လတ်တလောလဲပြိုသွားကြသည့်ဝန်းခြံကာအုတ်တံများနေရာတွင်ဝါးဖြင့်ရက်လုပ်ထားသည့်ဝါးကပ်များဈေးကြီးပေးဝယ်နေရကြောင်းသိရသည်။“နေပြည်တော်မြို့တွေမှာအိမ်ပြိုတိုက်ပြိုတာတွေအပြင် အများအပြားပြိုလဲကျတာတွေက ခြံဝန်းတွေ ၊ကာထားတဲ့အုတ်တံတိုင်းတွေဘဲ။ပျဉ်းမနားမြို့ပေါ်မှာငလျင်လှုပ်လိုအိမ်ခြံဝန်းကာအုတ်တံတိုင်းပြိုလိုအုတ်တံ တိုင်းပိသေသွားတဲ့သူတွေလည်းရှိတယ်။အိမ်ဝိုင်းခြံအုတ်တံတိုင်းတွေကိုအစားထိုးလောလောဆယ်ဝါးကပ်တွေ ဝယ်ကပ်ကြတော့ရောင်းမလောက်ဘူး။အခုဝယ်အခုမရဘူး။မှာထားမှရတယ်။ဈေးကလည်းမြင့်သွားတာ။ အရင် ရေဘေးဖြစ်တုန်းကဝါးကပ်တစ်ချပ်၅,၀၀၀/၆,၀၀၀လောက်ကနေ၁၃,၀၀၀/၁၄,၀၀၀အထိဈေးဖြစ်သွားပြီ။အခုဝါကပ်တစ်ချပ်၃၀,၀၀ဝဖြစ်သွားတယ်။ဒါတောင်ဝယ်မရဘူးကြိုမှာမှရတာ” ဟုပျဉ်းမနားဒေသခံတစ်ဦးကဆိုသည်။ 



news-view-count-icon

11