back

နေပြည်တော်သို့ ရောက်ရှိနေသော မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ Deploy ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များမှ ကူညီ

Apr 05 • 9:31 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နေပြည်တော်သို့ ရောက်ရှိနေသော မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ Deploy ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များမှ ကူညီ

ဧပြီလ( ၅) ရက်တွင် နေပြည်တော်၌ ရောက်ရှိနေသော မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ Deploy Team အဖွဲ့တွေဟာ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များနဲ့အတူ ပျဉ်းမနားမြို...

ဧပြီလ( ၅) ရက်တွင် နေပြည်တော်၌ ရောက်ရှိနေသော မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ Deploy Team အဖွဲ့တွေဟာ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များနဲ့အတူ ပျဉ်းမနားမြို့နယ်ရှိ ယာယီဆေးရုံ(ပေါင်းလောင်း)တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာများ၏ ဒဏ်ရာများကို ဆေးထည့်ပတ္တီစည်းပေးခြင်း၊ လူနာသယ်ဆောင်ပေးခြင်း၊ အောက်စီဂျင်အိုးများသယ်ဆောင်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီပေးခြင်း၊ လူနာများအား ဖေးမကူညီကာ နေရာစီစဥ်ပေးခြင်း၊ ထမင်းဘူးများ ဝေပေးခြင်း၊ ရေဘူးများ နေရာချထားပေးခြင်း တို့အပြင် မိသားစု ပြန်လည်ဆက်သွယ်ပေးရေးအကြောင်း အသိပညာပေးပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါတယ်။



news-view-count-icon

20