သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ရဲ့ဒီဆန္ဒလေးကို သူမက အရမ်းဖြစ်စေချင်နေခဲ့တာလည်းဖြစ်ပါတယ်။၁၈ မိုင်တောရဘုန်းဘုန်းက သူမရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်ခဲ့ကာ ငလျင်ကြောင့်ပြိုကျပျက်စီး အသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့နေရာကို ဆရာတော်ဘုရားက ကိုယ်တိုင်ကြွရောက်ပြီး အမျှဝေပေးခဲ့တာပါ။ ဘုန်းဘုန်းဟာ စစ်ကိုင်းနဲ့ မန္တလေးမှာရှိတဲ့ သုသာန်တွေမှာ အလောင်းတွေကို မီးရှို့ပေး၊ အမျှဝေပေးခဲ့ပြီး အသက်ဆုံးရှုံးမှုပိုများတဲ့နေရာတွေကို ထပ်သွားပေးဖို့ပါလည်း ဝတ်မှုန်ရွှေရည်က လျှောက်တင်ခဲ့တာလည်းဖြစ်ပါတယ်။
ငလျင်ကြောင့် ဆုံးပါးသွားတဲ့သူတွေအတွက် အမျှပေးဝေစေချင်တဲ့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ရဲ့ ဆန္ဒကို ၁၈ မိုင်တောရဘုန်းဘုန်းက ဖြည့်ဆည်းပေးခဲ့
Apr 05 • 9:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


