အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီ ပြည်နယ်မှာ ပြင်းထန်တဲ့မုန်တိုင်းတွေကြောင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ရပြီး အိမ်ခြေ ၇၅၀၀ ထက်မနည်း လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။ နေအိမ်တွေလည်း သိသိသာသာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး သောက်ရေသုံးရေ အကြံပေးချက်တွေ ထုတ်ပြန်ထားရကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ဧပြီ ၃ ရက်မှာ ပြောဆိုပါတယ်။ တန်နက်ဆီအရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီရဲ့ ဒါရိုက်တာ ပက်ထရစ်ရှီးဟန်ဟာ ကားရိုးလ်၊ မက်နေးရီ၊ အိုဘီယွန်နဲ့ ဖှယက်တ် ခရိုင်တွေမှာ ရာသီဥတုကြောင့် သေဆုံးမှု ၅ ခုကို အတည်ပြုခဲ့ပါတယ်။



