Amazon အွန်လိုင်းစီးပွားရေးလုပ်ငန်ကြီးဟာ တရုတ်ပိုင်ရှင်ကုမ္ပဏီဆီကနေ TikTok ကို ဝယ်ယူနိုင်ဖို့အတွက် အိမ်ဖြူတော်ဆီ ကမ်လှမ်းချက် ပေးပို့ခဲ့တယ်လို့ နီးစပ်သူတယောက်က အတည်ပြုပါတယ်။ ဒီတပတ်အတွင်း Amazon ကုမ္ပဏီဘက်က ဒု-သမ္မတဖြစ်သူ ဂျေဒီဗန့်စ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝက်ဒ် လတ်နစ်ခ် တို့ကို အဆိုပြုလွှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။လာမယ့် ဧပြီ ၅ ရက် နောက်ဆုံးထားပြီး အမေရိကန်ပြည်တွင်းမှာ အပိတ်မခံရဖို့အတွက် တရုတ်ကုမ္ပဏီမဟုတ်တဲ့ သင့်တော်မယ့်ဝယ်ယူသူကို TikTok ရော အိမ်ဖြူတော်ကပါ ရှာဖွေနေပါတယ်။



