back

ဘုရင့်နောင်ကားဝန်းထဲ အုပ်စုဖွဲ့လိမ်ညာပြီး ငွေလိမ်လည်တောင်းခံရသူများရှိနေ

Apr 04 • 4:32 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဘုရင့်နောင်ကားဝန်းထဲ အုပ်စုဖွဲ့လိမ်ညာပြီး ငွေလိမ်လည်တောင်းခံရသူများရှိနေ

မကြာခင်က ဘုရင့်နောင်ကားဝန်းထဲတွင် လူငယ်တစ်ယောက်သည် ၎င်း၏ကားလက်ကိုင်ပြုတ်နေခြင်း ကြောင့် ကားအပိုပစ္စည်းများရောင်းသည့်ကားဝန်းထဲဝင်ပြီး သွားဝယ်သည့်အခါ အဆိုပါဖြစ်ရပ...

မကြာခင်က ဘုရင့်နောင်ကားဝန်းထဲတွင် လူငယ်တစ်ယောက်သည် ၎င်း၏ကားလက်ကိုင်ပြုတ်နေခြင်း ကြောင့် ကားအပိုပစ္စည်းများရောင်းသည့်ကားဝန်းထဲဝင်ပြီး သွားဝယ်သည့်အခါ အဆိုပါဖြစ်ရပ်များ ကြုံတွေ့ခဲ့ ရခြင်းဖြစ် သည်။“ ကျွန်တော်ကားလက်ကိုင်လေးပြုတ်နေလို့ ကားအပိုပစ္စည်းရောင်းတဲ့ ဝန်းထဲဝင်ပြီးသွားဝယ်တယ် ၊ အဲဒီ မှာ သူတို့က လိုက်လုပ်ပေးမယ်ဆိုပြီး ကားလက်ကိုင်ကို ကော်နဲ့ပြန်ကပ်ပြီး ၃၅,၀၀၀ ဆိုလို့ ပေးလိုက်တယ် ၊ဒါ တင်မကသေးဘူး အဲဒီမှန် လေးပြင်လိုက်ပါ လားတဲ့ ၊ ၅၀,၀၀၀ လောက်ပဲကျမယ် ၊ ဒီဂွင်းလေးလဲလိုက်ပါလား တစ်ကွင်း ၅၀၀ လောက်ပဲ ကျမယ် ဆိုပြီး ဟိုဟာ လေး ၊ ဒီဟာလေးလုပ် အားလုံးသောင်းဂဏန်းလောက်ပဲဆိုလို လုပ်ခိုင်းလိုက်တာ ၊ နာရီဝက်လောက်လည်းကြာတော့ ပြီးသွားပြီဆိုပြီး ပြင်ဆင်ခ သိန်း ၄၀ ကျော်တောင် တောင်း တယ်၊ မပေးလိုက်ဘူး ၊ ရုံးသွားပြီး ရှင်းမယ် ဘာညာပြောလိုက်လို ၅ သိန်းကျော်လောက်နဲ့ ပြီးသွားတာ ၊ အုပ်စု လိုက်ပေါင်း ပြီးတော့ကို လုပ်စားနေကြတာ ၊ တော်တော်လေး သတိထားမှာဖြစ်မယ်”ဟု ကိုယ်တိုင်ကြုံ တွေ့သူ တစ်ဦးက လူမှု ကွန်ယက် စာမျက်နာ တွင် ရေးသားထားသည် ။



news-view-count-icon

9