တရုတ်ဈေးကွက်အတွက် ထုတ်လုပ်ထားသည့် Mazda EZ-6 ကို ပြည်ပဈေးကွက်များအတွက် Mazda 6e မော်ဒယ်အမည်ဖြင့် ဧပြီလ ၂ ရက်တွင် တရုတ်နိုင်ငံရှိ Changan-Mazda ဖက်စပ်လုပ်ငန်း ကားစက်ရုံ Changan-Mazda Nanjing Plant မှာ စတင်ထုတ်လုပ်သည်။ မော်ဒယ်အမည်မှ “e” သည် လျှပ်စစ်မော်တော်ယာဉ်ကို ရည်ညွှန်းသည်။ ဥရောပနှင့် အရှေ့တောင်အာရှတို့မှ ဈေးကွက်များတွင် ရောင်းချရန် စီစဉ်ထားသည်။ ယခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံတွင် စတင်ရောင်းချမည်။



