ဂျပန်တွင် ဆန်ဈေးကြီးနေသဖြင့် အမေရိကန်ဆန် ၈၀% နှင့် ဂျပန်ဆန် ၂၀% ရောနှောထားသည့်ဆန်ကို Nisui no Takumi" အမည်ဖြင့် ဂျပန်လက်လီအရောင်း လုပ်ငန်းကြီး Aeon က သက်သာသော ဈေးနှုန်းဖြစ်သည့် ၄ ကီလိုဂရမ် ဆန်အိတ်တအိတ်လျှင် ၃,၀၀၂ ယန်းဖြင့် ဧပြီလ ၁၀ ရက် ဝန်းကျင်တွင် ဟိုကိုင်းဒိုးနှင့် တိုဟိုကူ ဒေသများမှအပ ဂျပန်နိုင်ငံရှိ ၎င်း၏ လက်လီအရောင်းစတိုး ၂,၀၀၀ ဝန်းကျင်မှာ စတင်ရောင်းချမည်။ ဆန်ဈေး ထိန်းရန် ဂျပန်အစိုးရက အရန်ဆန်များထုတ်ရောင်းပေးခဲ့ရာ ၎င်းဆန်များ Aeon စတိုးများတွင် စတင်ရောင်းချပေးပြီဖြစ်ကြောင်း Aeon က ပြောကြားသည်။



